Internal Course

Excel for Professionals: Charts and Graphs Visualization
Paint Academy
Microsoft Excel တွင် ဒေတာများကို သဘောတရားကျကျ မြင်သာလွယ်သလို ပြသနိုင်စေရန် Professional Charts & Graphs မျိုးစုံကို လေ့လာကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။ သင်တန်းတွင် Visualization Techniques၊ Chart Customization Skill များကို အဆင့်မြင့်ပုံစံဖြင့် လေ့လာနိုင်မည် ဖြစ်ပါသည်။ မည်သည့်လုပ်ငန်းအတွက်မဆို Data ကို အကျိုးသက်ရောက်မှုရှိရှိ ပြသနိုင်ရန် Excel Visualization Tool များကို လက်တွေ့ ပြင်ဆင်သုံးစွဲနိုင်ရန် ရည်ရွယ်ချက်ဖြစ်ပါသည်။

Excel for Professionals: Formatting, Functions, & Productivity
Paint Academy
Microsoft Excel တွင် ဒေတာများကို စနစ်တကျ စီမံခန့်ခွဲနိုင်ပြီး လုပ်ငန်းခွင်တွင် အချိန်ကုန်သက်သာစေမည့် Excel ၏ Professional Tools များကို လက်တွေ့ကျကျ လေ့လာသင်ယူနိုင်မည့် သင်တန်းပဲဖြစ်ပါတယ်။ Shortcut များ၊ Formatting & Productivity၊ Pivot Table နှင့် Advanced Functions များကို အဆင့်မြင့်ပုံစံများဖြင့် လေ့လာသင်ယူနိုင်ရန် ရည်ရွယ်ပါသည်။ မိမိတို့၏ Excel ဒေတာများကို ပိုမိုရှင်းလင်းသေသပ်စွာ ပြသနိုင်ပြီး ဆုံးဖြတ်ချက်ချမှတ်ရာတွင် အထောက်အကူပြုသော Visualization စွမ်းရည်များကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။ လုပ်ငန်းခွင်လိုအပ်ချက်နှင့် ကိုက်ညီသော Report များ၊ Dashboard များကို ကိုယ်တိုင်ဖန်တီးနိုင်စွမ်းရှိလာစေရန် ရည်မှန်းထားပြီး ဤသင်တန်းသည် Excel ကို အခြေခံတတ်ကျွမ်းပြီးသူများအတွက် Professional အဆင့်သို့ ကူးပြောင်းနိုင်ရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပါသည်။ သင်ယူပြီးသည်နှင့် တစ်ပြိုင်နက် လုပ်ငန်းခွင်တွင် လက်တွေ့ကျစွာအသုံးပြုနိုင်မည့် Practical Skill များကို အဓိကထား သင်ကြားပြသပေးသွားမှာပဲဖြစ်ပါတယ်။

Excel For Professionals: Advanced Excel Analytics
Paint Academy
Excel ဒေတာအမြောက်အမြားကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာပြီး လုပ်ငန်းဆုံးဖြတ်ချက်များအတွက် အထောက်အကူပြုနိုင်သော Advanced Excel Analytics စွမ်းရည်များကို လက်တွေ့ကျကျ လေ့လာသင်ယူနိုင်မည့် သင်တန်းဖြစ်ပြီး၊Power Query နှင့် Power Pivot ကဲ့သို့သော Professional Tools များကို အသုံးပြု၍ ဒေတာများကို အလိုအလျောက် စီမံခန့်ခွဲနိုင်စေရန် ရည်ရွယ်ပါသည်။ What-if Analysis၊ Forecasting နှင့် Statistics Functions များဖြင့် ခန့်မှန်းတွက်ချက်မှုများကို တိကျစွာ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ Developer Tools နှင့် Combo Charts များကို အသုံးပြု၍ ပရော်ဖက်ရှင်နယ်ဆန်သော Dashboard များကို ကိုယ်တိုင်တည်ဆောက်နိုင်စွမ်းရှိလာစေရန် ရည်မှန်းထားပါသည်။ သင်ယူပြီးသည်နှင့် တစ်ပြိုင်နက် လုပ်ငန်းခွင်တွင် ချက်ချင်းအသုံးချနိုင်မည့် Practical Skill များကို အဓိကထား လေ့ကျင့်ပေးသွားမည် ဖြစ်ပါသည်။

