စာရင်းပေးသွင်းမှုဆိုင်ရာ ရွေးချယ်စရာများ
လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံသဘောတရား အပိုင်း(၁) Fundamental of OSH (FOSH)
မင်္ဂလာပါ။....
ယခုသင်ရိုးသည် United Paints Group Co., Ltd. နှင့် လက်အောက်ခံကုမ္ပဏီများတွင် လုပ်ကိုင်နေသည့် ဝန်ထမ်းများအတွက် အထူးရည်ရွယ်ထားသည့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရးနှင့် ကျန်းမာရေးသင်ရိုး တစ်ခုဖြစ်ပါသည်။
ယခုသင်ခန်းစာသည် လုပ်ငန်းခွင်တစ်ခုတွင်ရှိနေတတ်သည့် ဘေးအန္တရာယ်များနှင့် အဆိုပါဘေးအန္တရာယ်များ သည် မည်သည့်အတွက်ကြောင့် လုပ်ငန်းခွင် ထိခိုက်မှု၊ နေမကောင်းဖြစ်မှု၊ ရောဂါရရှိမှု၊ အသက်သေဆုံးမှုဖြစ်ရသည်ကို ရှင်းလင်းပြသပေးသည့် သင်ခန်းစာဖြစ်ပါသည်။
ယခုသင်ခန်းစာအပြီးမှ သင်ယူသူအနေဖြင့် -
(၁) လုပ်ငန်းခွင်တွင် မည်သည့်ဘေးအန္တရာယ်များ ရှိနေသည်။
(၂) ဘေးအန္တရာယ်သည် မည်သည့်အချက်များနှင့်ကိုက်ညီရမည်။
(၃) ဘေးအန္တရာယ်များသည် မည်သည့်အတွက်ကြောင့် လုပ်ငန်းခွင် ထိခိုက်မှု၊ နေမကောင်းဖြစ်မှု၊ ရောဂါရရှိမှု၊ အသက်သေဆုံးမှုဖြစ်ရသည်ကို သိရှိလာမှာ ဖြစ်ပါသည်။
သင်ယူရာမှာ မှတ်မိလွယ်စေရန် သင်ခန်းစာအပိုင်းအလိုက် အစမ်းဖြေကြည့်ပြီး အဖြေတိုက်ကြည့်ရမည့် အခန်းကဏ္ဍလည်း ထည့်သွင်းပေးထားပါသည်။
ပျော်ရွင်စွာ လေ့လာသင်ယူနိုင်ပါစေကြောင်း
အထူးဆန္ဒပြုပါတယ်။
ကျေးဇူးတင်ပါတယ်။
- စာရင်းသွင်းထားသော ကျောင်းသား/သူ များ: 84