Paint Academy

သမိုင်းကြောင်းနောက်ခံ

  • သုတ်ဆေး နှင့် ဆောက်လုပ်ရေးလောကများအတွက် သင်တန်းကျောင်း
  • Campus နှင့် Online သင်ကြားမှု အစုံအလင်
  • ပညာရှင်အဆင့် နှင့် သက်မွေးပညာရပ်များ
ဘာသာစကားရွေးချယ်ပါ။

သမိုင်းနောက်ခံ

United Paints Group ကုမ္ပဏီသည် မြန်မာ့ အိမ်သုတ်ဆေးလောကတွင် နှစ်ပေါင်း ၂၉ နှစ်ကျော် အစဉ်အလာကောင်းများဖြင့် ရပ်တည်နေသော ဈေးကွက်ဦးဆောင်သူတစ်ဦးဖြစ်ပါသည်။ အိမ်သုတ်ဆေးများ ထုတ်လုပ်ခြင်း နှင့် မြန်မာနိုင်ငံ တဝှမ်းလုံးသို့ ဖြန့်ဖြူးခြင်းများကို ပြုလုပ်ပြီး သုတ်ဆေးလောကတွင် UPG သည် မိမိတို့၏ အတွေ့အကြုံ၊ ရင်းမြစ်များကို အသုံးပြု၍ မြန်မာ့အိမ်သုတ်ဆေးလောကအတွင်း လိုအပ်နေသော သုတ်ဆေးပညာဆိုင်ရာ ပညာရှင်များ၊ သက်မွေးပညာရပ်များကို အားဖြည့် ပေါင်းကူးပေးနိုင်မည်ဟု ယုံကြည်ပါသည်။ ဘုတ်အဖွဲ့၏ လမ်းညွှန်မှုနှင့်အညီ UPG Paint Academy အားတည်ထောင်ပြီး ပြည်တွင်းမှ သုတ်ဆေးပညာ၊ အတတ်ပညာများကို အရည်အသွေးမြှင့်တင်ခြင်း၊ လုပ်ငန်းခွင် အသိအမှတ်ပြု ပညာရှင်လက်မှတ် များ ရရှိရေး၊ စားသုံးသူများမှလည်း အိမ်သုတ်ဆေးဆိုင်ရာဗဟုသုတများ ကို ရရှိစေရေးတို့ရည်ရွယ်၍ တည်ထောင်ခဲ့ပါသည်။ မြန်မာ့သုတ်ဆေးလောကအဆင့်အတန်း ပိုမိုမြင့်မားလာရေးအတွက် စံချိန်စံနှုန်းများမြှင့်တင်ပေးနိုင်သည့် စီမံကိန်းများ၊ လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်အားဖြည့်ပေးနေပါသည်။

UPG သည် မိမိတို့၏ အတွေ့အကြုံနှင့် ရင်းမြစ်များကို အသုံးပြုကာ နိုင်ငံတဝန်းတွင် သုတ်ဆေးပညာရပ်များကို စနစ်တကျ ဖြန့်ဖြူးပေးနိုင်မည်ဟု ယုံကြည်ပါသည်။ အရည်အချင်းပြည့်ဝသော ကျွမ်းကျင်ဆေးသုတ်ပညာရှင်များ မွေးထုတ်ပေးရေးနှင့် လုပ်ငန်းခွင်အသိအမှတ်ပြု လက်မှတ်ရ ပညာရှင်များ ပေါ်ထွက်လာရေးတို့ကို UPG Paint Academy မှ ဦးတည်ဆောင်ရွက်သွားရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။