About Us
UPG Paint Academy
- Vision
- Mission
- Values

မျှော်မှန်းချက်
လေ့လာသင်ယူမှု၊ ဆန်းသစ်တီထွင်မှုနှင့် ပညာရှင်ဆိုင်ရာအမြင့်မားဆုံး အရည်အချင်းများဖြစ်ပေါ်စေမည့် သင်ယူမှု အလေ့အထရပ်ဝန်းကောင်းတစ်ခု တည်ဆောက်ပေးခြင်းဖြင့် မြန်မာ့သုတ်ဆေးလောကအား သစ်လွင်ကောင်းမွန် မြင့်မားဆုံး အခြေအနေများ ဖန်တီးပေးသွားမည်ဖြစ်သည်။
ရည်မှန်းချက်
နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ကျွမ်းကျင်ပြီး အရည်အချင်း ပြည့်ဝသည့် လုပ်သားထုအင်အားစုတစ်ရပ် ပျိုးထောင်ပေးခြင်းဖြင့် UPG Paint Academy သည် မြန်မာ့သုတ်ဆေးလုပ်ငန်း အဆင့်အတန်းကိုမြှင့်တင်ရန် ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ရည်မှန်းချက်ကို အောက်ပါ မဟာဗျူဟာမြောက် ရည်ရွယ်ချက်များဖြင့် ဖော်ဆောင်သွားမည် ဖြစ်သည်-
- နိုင်ငံတကာစံချိန်စံညွှန်းများအတိုင်း ကျွမ်းကျင်ပြီး အရည်အချင်းပြည့်ဝသည့် မြန်မာ့ဆေးသုတ် လုပ်သားထု အင်အားစုတစ်ရပ် ပျိုးထောင်ပေးရန်၊
- ပညာရှင်အဆင့်အတန်း သတ်မှတ်ချက်များနှင့် ခိုင်မာကောင်းမွန်သည့် လုပ်ငန်းခွင် စံချိန်စံနှုန်းများ မှတဆင့် အကောင်းမွန်ဆုံး အလေ့အထရပ်ဝန်းတစ်ခု ဖြစ်ပေါ်စေရန်၊
- သုတ်ဆေးလောကတွင် ရေရှည်တည်တံ့ခိုင်မြဲစေခြင်း၊ အားလုံးပါဝင်ခွင့်ရရှိစေရေးဖြစ်ပေါ်လာစေရန် အဓိက ပတ်သက်ဆက်နွယ်သူများဖြင့် ခိုင်မာသည့် မိတ်ဘက်များ တည်ဆောက်သွားရန်၊
- သုတ်ဆေးဆိုင်ရာ သင်ယူလေ့လာမှုအစီအစဉ်များမှတစ်ဆင့် လူမှုအဖွဲ့အစည်းအသိုက်အဝန်းသို့ တိုက်ရိုက် ထိတွေ့ ဆက်ဆံသွားရန်၊
လမ်းညွှန်သည့်မူဘောင်များ
UPG Paint Academy ၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် လမ်းညွှန်သည့်မူများကို I.N.S.P.I.R.E ဆိုသည့် စကားလုံးဖြင့် ဖော်ကျူးထားပါသည်။ အဆိုပါ မူများသည် Paint Academy ၏ ဆောင်ရွက်သမျှ ကိစ္စရပ်များအား ထောက်ကန်ပေးနေသော အလေ့အထများအဖြစ် မိမိတို့ အဖွဲ့အစည်းအား ပညာရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းမှ တိုင်းတာနိုင်မည့် မြင်တွေ့နိုင်မည့် မူဘောင်များ ဖြစ်စေပါမည်။
Integrity - ရိုးသားမှု၊ ဖြောင့်မတ်မှု၊ စံနှုန်းကျင့်ဝတ်များကို လိုက်နာမှု၊ တာဝန်ခံမှု
Network - သင်ယူလေ့လာမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ နှင့် တီထွင်ကြံဆမှုကို အားကောင်းစေသော အသိုက်အဝန်း
Sustainability - မိမိတို့၏ ပညာရပ်အနာဂတ် ရေရှည်တည်တံ့ခိုင်မြဲမှု
Professionalism - အရည်အချင်းပြည့်ဝသော ပညာရှင် ကျင့်ဝတ်များနှင့် ပြည့်မီ ကျင့်သုံးမှု
Innovation - နည်းလမ်းအသစ်များရှာဖွေရာနှင့် အခက်အခဲများကျော်ဖြတ်ရာတွင် ဆန်းသစ် တီထွင်ကြံဆမှု
Resilience - အခက်အခဲများကြား ကြံ့ကြံ့ခိုင်မာမှု၊ အရှုံးမပေးမှု
Empowerment – ဗဟုသုတ၊ အသိပညာ၊ အတတ်ပညာများကို စဉ်ဆက်မပြတ်လေ့လာစေရန် အားပေးမှု